လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉)ရက်နေ့၊ (၁၈:၀၀)နာရီအချိန်ခန့်၌ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်တွင်နေအိမ်(၆)လုံးနှင့် ဒီးမော့ဆိုကျေးရွာအုပ်စု၊ မားနာပလော့ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄၃)ဦးအတွက်  ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁၀)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၉၅၇,၀၀ဝ)နှင့် ဆန်ရိက္ခာတန်ဖိုး(၇)ရက်စာ (၉၀,၃၀ဝ)ကျပ်၊ ရန်ပုံငွေစုစုပေါင်း(၁,၀၄၇,၃၀ဝ) ကို (၁၀-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events