လေ‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

12 pic_07 12 pic_08 12 pic_06 12 pic_05 12 pic_04 12 pic_03 12 pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၅-၂၀၁၉)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်က ပခုက္ကူမြို့နယ်၊ ရေလာကျေးရွာအုပ်စု၊ရေလာကျေးရွာ၌ လေ‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမြင့်ဆောင်၊ ဌာနဆိုင်ရာများ၊ ကရုဏာမြန်မာလူမှုအဖွဲ့အစည်း၊ သတင်းမီဒီယာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ကျေးရွာ သား/သူများ စုစုပေါင်း အင်အား(၃၃၀)ဦးခန့် စုပေါင်းပါဝင် တက်ရောက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ၊ ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events