Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့့် ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်း ကျေးရွာအုပ်စု၊ ရှောက်ပင်အင်းကျေးရွာနှင့် မင်းချမ်းကျေးရွာ၊ ကော်တုံကျေးရွာအုပ်စု၊ ကော်တုံ ကျေးရွာ၊ဖက်တဲကျေးရွာနှင့် သံချောင်းကျေးရွာတို့တွင် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီး ကျောင်း (၁) ကျောင်း၊ အိမ်ခြေ (၂၈) လုံး၊ အိမ်ထောင်စု (၂၈) စု၊ လူဦးရေ (၁၁၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိူး၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့့် ဒီမော့ဆိုမြို့နယ်၊ ဒေါငံခါး (၂) ကျေးရွာရှိ လေဘေးသင့် (၆) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးရန်ပုံငွေစုစုပေါင်း (၆၂၅၄၀၀ိ/-) ကျပ်ကို (၁၅-၅-၂၀၁၉) ရက်နေ့တွင် ဒီမော့ဆိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kyh_may2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၅.၂၀၁၉) ရက်နေ့တွင် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ အိမ်ခြေ(၃၀)၊ အိမ်ထောင်စု(၃၀)နှင့်အမေ့အိမ်အခမဲ့စာသင်ကျောင်း ကျောင်းသူ/ ကျောင်းသားများအတွက် သောက်သုံးရေဂါလံ(၆၄၀၀)၊ ရေစကြိုမြို့နယ်၊ ထန်းတိုကျေးရွာအုပ်စု၊မြစ်လှချောင်ကျေးရွာ၊ အိမ်ခြေ(၁၀၀)၊ အိမ်ထောင်စု(၁၀၀)၊ လူဦးရေ(၄၄၀)ဦး တို့အတွက် သောက်သုံးရေဂါလံ (၅၀၀)၊ စုစုပေါင်း အိမ်ခြေ(၁၃၀)၊ အိမ်ထောင်စု(၁၃၀)၊ အမေ့အိမ်အခမဲ့စာသင် ကျောင်း(၁)ကျောင်းနှင့် လူဦးရေစုစုပေါင်း(၇၁၀)ဦးတို့အတွက် သောက်သုံးရေ ရှားပါးမှုကြောင့် သောက်သုံးရေဂါလံ(၆၉၀၀)အား ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း၊ စေတနာရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မဟာစည်သာသနာ့ရိပ်သာမော်တော်ယာဉ်နှင့် … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မြောင်းမြမြို့နယ်၊ ကံကွင်း ကျေးရွာအုပ်စု၊ ဂျောင်ရှည်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၇၀) အိမ်ထောင်စု (၇၂) စု မှ လူဦးရေ (၃၁၈) ဦးအတွက် (၁) အိမ်ထောင်စုလျှင် (၅) ဂါလံ (၂) ပုံးနှုန်းဖြင့် သောက်သုံးရေဂါလံ (၇၂၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #ayy_may2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့ ဘောင်းဒွတ်သားစုရပ်ကွက်၊ ဃောသိတာရုံကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၄) ဦး၊ စက်ရုံစုရပ်ကွက်၊ အာရက္ခံဖောင်ဒေးရှင်းကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၄) ဦး၊ စုစုပေါင်း အိမ်ထောင်စု (၁၂) စုစာ ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုး၊ လူဦးရေ (၄၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁) လစာ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါက်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၇:၀၀)နာရီတွင် ဘိုးဖြူလုံးကန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ဘိုးဖြူလုံးကန်ကျေးရွာအုပ်စု၊ ဘိုးဖြူလုံးကန်ကျေးရွာ၌ (၁၄.၅.၂၀၁၉) ရက်နေ့၊ ညနေ (၁၆:၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက် စီး၊ အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁)လုံးတွင် အိမ်ထောင်စု (၁)စုမှ ကျား(၅)ဦး မ(၂)ဦး၊ စုစုပေါင်း(၇)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၄၇၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း ဖိုး(၅၀၀၀၀/-) … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့သို့ ရောက်ရှိလာသည့် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူမိသားစု (၁၁) စု၊ လူဦးရေ (၃၀) ဦးအတွက် မေလ (၁) လစာ ဆန်၊ ဆီ၊ ဆား၊ ပဲများအား (၁၅-၅-၂၀၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_may2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့့် ဝိုင်းမော်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁) စုစာတို့အား ရက်ကွပ်အုပ်ချုပ်ရေးမှူးရုံး၌ (၁၅-၅-၂၀၁၉) … Read more
-
မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ
မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ သက်ကြီးရွယ်အို များဆိုင်ရာကော်မတီသည် သက်ကြီးရွယ်အိုများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများကို ဖော်ဆောင်ပေးရန်အတွက် အဓိကဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်သည် ပဋိသန္ဓေတည်သည်မှစ၍ သက်ကြီးရွယ်အိုအထိ ဆောင်ရွက်နေသော လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ဥပဒေထုတ်ပြန်ပြီးဖြစ်ကြောင်းနှင့် ယခုအစည်းအဝေးတွင်း နည်းဥပဒေ(မူကြမ်း)အပေါ် ဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဒီမော့ဆိုမြို့နယ်၊ ဒေါရောက်ခူ ကျေးရွာနှင့် ကတဲကူးကျေးရွာတွင် ပျက်စီးနေအိမ် (၅) လုံးနှင့် ဖရူဆိုမြို့နယ်၊ ခေါဘာကျေးရွာ ပျက်စီးနေအိမ် (၂) လုံး၊ (၁၃-၅-၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ယိုစပရားကျေးရွာတွင် နေအိမ် (၂) လုံး ပြိုကျပျက်စီခဲ့ပြီး စုစုပေါင်း (၉) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၉) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် … Read more









