Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ မဟာသာအုပ်စု၊ ကော့ချဲကျေးရွာတွင် (၁၉-၅-၂၀၁၉) ရက်နေ့ လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၈)လုံး အိမ်ထောင်စု(၈)စုရှိ လူဦးရေ (၃၀)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၂၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ဆန်ရိက္ခာဖိုး (၆၃၀၀၀)ကျပ်ကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၇၈၃၀၀၀)ကျပ်ကိုလည်းကောင်း (၂၀-၅-၂၀၁၉)ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2019 Source – ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပဲခူး တိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၉)ရက်နေ့ ပန်းတောင်းမြို့နယ် ဆင်တဲ အုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၈၅,၅၀၀)ကျပ်နှင့် (၁၆.၅.၂၀၁၉)ရက်နေ့ ပန်းတောင်းမြို့နယ်၊ ငါးဆယ်ပေးအုပ်စုနှင့် သရက်လိန်အုပ်စုတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၁,၄၀၀)ကျပ် တို့အား (၂၀.၅.၂၀၁၉)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပန်းတောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #bgo_may2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေလှူဒါန်းနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၅.၂၀၁၉) ရက်နေ့တွင် ဝမ်းလုံးကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအတွက်သောက်သုံးရေ ဂါလံ (၁၂၀၀) လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #shn_may2019 Source – မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅/၁၇-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုင်ခတ်မှုကြောင့် ပျက်စီးခဲ့သော မိုးညိုမြို့နယ်အတွင်း ကျေးရွာ အုပ်စု (၉) အုပ်စုရှိ ပြိုလဲနေအိမ် (၁၆) လုံး၊ အမိုးလန်နေအိမ် (၉၆) လုုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၉၉,၄၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၁၆) စုရှိ လူဦးရေ (၅၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၇,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၇၀၆,၅၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (ပလပ်စတစ်ပုံးအပါ) … Read more
-
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးမကျမီ ယာယီနေရာချထား ပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေး
မေ – ၁၉၊ စစ်တွေ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား မိုးရာသီမတိုင်မီ လုံခြုံသောနေရာများတွင် ယာယီနေရာချထားပေးနိုင်ရေး လုပ်ငန်းညှိနှိူင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရခိုင်ုပြည်နယ်အစိုးရအဖွဲ့ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် ရခိုင်ပြည်နယ် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၉) ရက်နေ့တွင် ကော့သောင်းမြို့၊ ကုန်တင်ကုန်ချရုံး၌ ပြည်သူများ သဘာဝဘေးအန္တရာယ်များ နှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲကို ကျင်းပ ဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ပြည်သူ (၄၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #tny_may2019 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုင်ခတ်မှုကြောင့် ပျက်စီးခဲ့သော မော်လိုက်မြို့နယ်၊ ထန်းပင်ကုန်း အုပ်စု၊ ပင်သာကျေးရွာရှိ ပျက်စီးခဲ့သော လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀/-) ကျပ်အား မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ (၂၀-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_may2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး … Read more
-
သောက်သုံးရေလှူဒါန်းနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၂.၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါခူလီကျးရွာ၊ ဒေါကလော်လဲကျေးရွာများသို့ ဂါလံ(၁၀၀၀)ဆံ့ ရေသယ်ယာဉ် (၂)စီး၊ ကေးလျားအုပ်စု၊ ဒေါပိုရှေ့ကျေးရွာ၊ ဒေါခူလီကျေးရွာ၊ လောပလျားလဲကျေးရွာနှင့် ထီးသဲကူးကျေးရွာသို့ ဂါလံ(၁၂၅၀)ဆံ့ ရေသယ်ယာဉ် (၈)စီး၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာသို့ ဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် (၁) စီး၊ စုစုပေါင်းရေသယ်ယာဉ် (၁၁) စီးဖြင့် ဒီမော့ဆိုနှင့် ဖရူဆိုမြို့နယ်အုပ်ချုပ်ရေး မှူးရုံးမှ ဝန်ထမ်းများနှင့်အတူ သောက်သုံးရေများသွားရောက် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော် (၄) ၌ (၁၅-၅-၂၀၁၉) ရက်နေ့၊ (၁၃:၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် လူဦးရေ (၂၂) ဦးတွက် တစ်ပတ်စာဆန်ဖိုးထောက်ပံ့ငွေ (၄၆၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၄၆,၂၀၀/-) … Read more
-
သောက်သုံးရေလှူဒါန်းနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်မေလ (၁၇) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ ကျုံလွတ်တမံကျေးရွာတွင် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နေခြင်းအတွက် ကွင်းဆင်းသွားရောက်ပြီးသောက်ရေ (၈၀၀) ဂါလံကို လှူဒါန်းခဲ့ပါသည်။ အဆိုပါ ကျေးရွာတွင် အိမ်ထောင်စု (၆၂) စု၊ လူဦးရေ (၂၇၅) ဦး နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။ ထို့အတူ မေလ (၁၉) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ ငှက်ချောင်းတမံကျေးရွာသို့ သောက်ရေဂါလံ (၈၀၀) ကို သွားရောက်ထောက့်ပံ့ပေးခဲ့ရာ အိမ်ထောင်စု (၉၁) … Read more









