သောက်သုံးရေလှူဒါန်းနေမှုသတင်း

20 pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်မေလ (၁၇) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ ကျုံလွတ်တမံကျေးရွာတွင် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နေခြင်းအတွက် ကွင်းဆင်းသွားရောက်ပြီးသောက်ရေ (၈၀၀) ဂါလံကို လှူဒါန်းခဲ့ပါသည်။ အဆိုပါ ကျေးရွာတွင် အိမ်ထောင်စု (၆၂) စု၊ လူဦးရေ (၂၇၅) ဦး နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။ ထို့အတူ မေလ (၁၉) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ ငှက်ချောင်းတမံကျေးရွာသို့ သောက်ရေဂါလံ (၈၀၀) ကို သွားရောက်ထောက့်ပံ့ပေးခဲ့ရာ အိမ်ထောင်စု (၉၁) စု လူဦးရေ (၄၀၉) ဦး နေထိုင်ကြကြောင်း သတင်းရရှိပါသည်။

 

#ayy_may2019

Source – ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events