လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုင်ခတ်မှုကြောင့် ပျက်စီးခဲ့သော မော်လိုက်မြို့နယ်၊ ထန်းပင်ကုန်း အုပ်စု၊ ပင်သာကျေးရွာရှိ ပျက်စီးခဲ့သော လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀/-) ကျပ်အား မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ (၂၀-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#shn_may2019
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)