လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅/၁၇-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုင်ခတ်မှုကြောင့် ပျက်စီးခဲ့သော မိုးညိုမြို့နယ်အတွင်း ကျေးရွာ အုပ်စု (၉) အုပ်စုရှိ ပြိုလဲနေအိမ် (၁၆) လုံး၊ အမိုးလန်နေအိမ် (၉၆) လုုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၉၉,၄၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၁၆) စုရှိ လူဦးရေ (၅၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၇,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၇၀၆,၅၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (ပလပ်စတစ်ပုံးအပါ) (၁၆) အိမ်ထောင်စာတို့အား မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအစည်းဝေး ခန်းမတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေး များနှင့်အတူ (၂၀-၅-၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘေးသင့် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ha_sgw
#bgo_may2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)