လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပဲခူး တိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၉)ရက်နေ့ ပန်းတောင်းမြို့နယ် ဆင်တဲ အုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၈၅,၅၀၀)ကျပ်နှင့် (၁၆.၅.၂၀၁၉)ရက်နေ့ ပန်းတောင်းမြို့နယ်၊ ငါးဆယ်ပေးအုပ်စုနှင့် သရက်လိန်အုပ်စုတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၁,၄၀၀)ကျပ် တို့အား (၂၀.၅.၂၀၁၉)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပန်းတောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)