Category Archives: News
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉)ရက်နေ့တွင် ကျောက်မီးသွေးတူးဖော်နေစဉ် ရွံ့မြေများဖုံးဖိပြီး လူတစ်ဦးသေဆုံးခဲ့သည့်အတွက် (၂၅-၅-၂၀၁၉)ရက်နေ့တွင် ကလေးဝမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်း၌ သေဆုံးသူထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်အား သက်ဆိုင်ရာဆွေမျိုးများထံသို့ ထောက်ပံ့ငွေးကိုပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) # otr # sgg_may2019
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၄-၅-၂၀၉)ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်း(၁၂)ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၈၁၁)စု၊လူဦးရေ(၄၅၀၁)ဦးအတွက် အခြေခံစားကုန် ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲတို့ကို (၁၄)ရက်စာအတွက်ထောက်ပံ့ငွေ(၂၃,၆၂၄,၂၂၀/-)ကျပ်အား ကွင်းဆင်းထောက်ပံ့ရေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_drg # shn_may2019
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၄-၅-၂၀၉)ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်း(၁၂)ခုမှ သောက်သုံးရေလိုအပ်သည် IDP စခန်း(၃)ခုအတွက် မြတ်မေတ္တာမွန် မိသားစုကုမ္ပဏီမှ သောက်သုံးရေ ထောက်ပံ့မှု(၁)ကာလိုင်ကာသိုလိပ်ဘုရားကျောင်းရှိ IDP စခန်းအတွက်(၆၆၄၄၀၀၀/-)ကျပ်၊ (၂)နမ့်ဖက်ကာ နယ်မြေ(၄)ရှိ IDP စခန်းအတွက်(၂၅၀၀၀၀/-) ကျပ်နှင့် (၃)ပန်ကူ IDP စခန်းအတွက် (၉၃၀၀၀၀/-)ကျပ်တို့ကို သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_drg … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အတွင်း၌ (၂၀/၂၁-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲ နေအိမ် (၂၄) လုံးနှင့် အမိုးလန်နေအိမ် (၄၅၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀,၅၈၅,၅၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၂၄) စုမှ လူဦးရေ (၆၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၃၄,၄၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀,၇၁၉,၉၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉)ရက်နေ့တွင် ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်များတွင် လေပြင်းတိုက်ခက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ အမိုးလန် အိမ်ထောင်စု(၃၃)စုနှင့် ပြိုကျအိမ်ထောင်စု(၄)စုတို့ဘေးသင့်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ အမိုးလန်အိမ်ထောင်စု(၃၃)စုနှင့် ပြိုကျအိမ်ထောင်စု(၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၅၀၀၀၀/-)ကျပ်၊ ပြိုကျနေအိမ်(၄)လုံးမှအိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၂၇၃၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပြိုကျအိမ်ထောင်စု(၄)စုတို့အတွက်လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ အမိုးလန်အိမ်ထောင်စု(၃၃)စုတို့ကို (၂၄-၅-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူ့များလက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # mdy … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ နတ်တလင်း မြို့နယ် အတွင်း၌ (၁၅/၁၆/၁၉/၂၀/၂၁-၅-၂၀၁၉) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် ပြိုလဲနေအိမ် (၅၆) လုံးနှင့် အမိုးလန်နေအိမ် (၁၀၄၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၉,၆၈၉,၂၅၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၅၆) စုရှိ လူဦးရေ (၂၀၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၃၀,၅၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀,၁၁၉,၇၅၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
မိုးကြိုးဘေးကြောင့်သေဆုံးသူများအားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၉)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကွင်းကျေးရွာတွင် မိုးကြိုးဘေးကြောင့်သေဆုံးသွားသူ(၂)ဦးအတွက် ထောက်ပံ့ငွေ (၆၀၀၀၀၀/-)ကျပ်တို့ကို သေဆုံးသွားသူမိသာစုများထံသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အမာမြို့အထွေထွေအုပ်ချုပ်ရေးမှူး၊ အမာမြို့ဆေးရုံအုပ်ကြီး၊ အမာမြို့ ရေလုပ်သားအဖွဲ့တို့နှင့်အတူ(၂၅-၅-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့မှုပေးခဲ့ပြီး ကျန်ရစ်သူမိသာစုများအား အားပေးစကားပြောခဲ့ပါသည်၊ အောက်ဆိပ်ကွင်း ကျေးရွာသည် ပင်လယ်နှင့်တစ်ဆက်စပ်တည်း တည်ရှိနေသည့်ရွာဖြစ်သဖြင့် သဘာဝဘေးကျရောက်လွယ်သည့်ဒေသဖြစ်သည့်အတွက် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_tls # … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အတွင်း၌ (၂၀-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၈) လုံးနှင့် အမိုးလန် နေအိမ် (၄၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၇၆၂,၅၀၀/-) ကျပ်၊ လူဦးရေ (၃၈) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇၇,၇၀၀/-) ကျပ်၊ သစ်ပင်ပိ၍ သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် … Read more
-
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော် ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော လုပ်ငန်း အဖွဲ့ဝင်များ ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်လျက်ရှိသော ဒေသခံ ပြည်သူများအား တွေ့ဆုံထောက်ပံ့မှုများ ဆောင်ရွက်မှုသတင်း
၂၅-၅-၂၀၁၉ ၊ ဝိုင်းမော် မြစ်ကြီးနားမြို့တွင်ရောက်ရှိနေသော ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း၊ ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီး(ဗိုလ်မှူးကြီး) ဗိုလ်မှူးကြီးထွန်းနေလင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် လုပ်ငန်းအဖွဲ့အဖွဲ့ဝင်များသည် မူလနေရပ်များသို့ မိမိဆန္ဒအလျောက် ပြန်လည်နေထိုင်လျှက်ရှိကြသည့် ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာသို့သွား ရောက်၍ ဒေသခံကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး … Read more
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၅-၅-၂၀၉)ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးသောင်းငွေ(တဲတိုက်)နှင့် ဦးကျော်စိန်(တဲတိုက်)ရှိ ကျေးရွာနေပြည်သူအိမ်ခြေ(၂၀၀)လုံး၊ အိမ်ထောင်စု(၁၂၅)စု၊ လူဦးရေ(၅၉၀)ဦးတို့အတွက် သောက်သုံးရေဂါလံ(၆၀၀၀)အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_drg # mgy_may2019









