လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉)ရက်နေ့တွင် ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်များတွင် လေပြင်းတိုက်ခက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ အမိုးလန် အိမ်ထောင်စု(၃၃)စုနှင့် ပြိုကျအိမ်ထောင်စု(၄)စုတို့ဘေးသင့်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ အမိုးလန်အိမ်ထောင်စု(၃၃)စုနှင့် ပြိုကျအိမ်ထောင်စု(၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၅၀၀၀၀/-)ကျပ်၊ ပြိုကျနေအိမ်(၄)လုံးမှအိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၂၇၃၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပြိုကျအိမ်ထောင်စု(၄)စုတို့အတွက်လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ အမိုးလန်အိမ်ထောင်စု(၃၃)စုတို့ကို (၂၄-၅-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူ့များလက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# mdy _may2019