သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း

 

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၅-၅-၂၀၉)ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးသောင်းငွေ(တဲတိုက်)နှင့် ဦးကျော်စိန်(တဲတိုက်)ရှိ ကျေးရွာနေပြည်သူအိမ်ခြေ(၂၀၀)လုံး၊ အိမ်ထောင်စု(၁၂၅)စု၊ လူဦးရေ(၅၉၀)ဦးတို့အတွက် သောက်သုံးရေဂါလံ(၆၀၀၀)အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

# ha_drg

# mgy_may2019

Sign Up

Upcoming Events