လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အတွင်း၌ (၂၀-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၈) လုံးနှင့် အမိုးလန် နေအိမ် (၄၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၇၆၂,၅၀၀/-) ကျပ်၊ လူဦးရေ (၃၈) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇၇,၇၀၀/-) ကျပ်၊ သစ်ပင်ပိ၍ သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၈) အိမ်ထောင်စာအား (၂၅-၅-၂၀၁၉) ရက်နေ့ (၁၆း၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာ အ.ထ.က သရက်ချောင်းကျောင်း၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ လက်ပံတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ သာယာဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ ကြို့ပင် ကောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူ များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_may2019