Category Archives: News
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ပိုးထိုးပင်ကျေးရွာ၊ သစ္စာမဏ္ဍိုင်ကျောင်းတိုက်မှ ဆရာတော် ဦးပဏ္ဍဝသည် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း call center ရှိ hot-line ဖုန်းသို့ဆက်သွယ်ပြောကြားလာမှုကြောင့် (၇-၆-၂၀၁၉) ရက်နေ့တွင် စုစုပေါင်း သောက်သုံးရေဂါလံ(၁၆၀၀) အား သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #npw_jun2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ စာသင်ကျောင်းများဆောက်လုပ်ရန် သယ်ယူစရိတ်ကုန်ကျငွေအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကံပြင်ကျေးရွာ၊ လွန်ဦးကျေးရွာ၊ ဇီးချေမော်ကျေးရွာနှင့် ပြင်မကျေးရွာရှိ စာသင် ကျောင်းများအတွက် Assembled Board House (၁၈)ပေ (၅)ခန်းတွဲ(၄)လုံး ဆောက်လုပ်ရန် သယ်ယူပို့ဆောင်စရိတ်ကုန်ကျငွေ ကျပ်သိန်း (၁၀,၀၀၀,၀၀၀/-)ကို (၇-၆-၂၀၁၉)ရက်တွင် စာချဆရာတော်ဦးဉာဏ၏ နောင်တော်အရင်းဦးနန္ဒသာရထံသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၉) ရက်နေ့တွင် ဒေးဒရဲမြို့နယ်ရှိ ပြည်သူများ မုန်တိုင်းဘေးအသိပညာပေးသိရှိနိုင်ရန် ဒေးဒရဲမြို့ ဗိုလ်ချုပ် ကြေးရုပ်ရှေ့လမ်းဆုံလူစည်ကားရာနေရာတွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #ayy_jun2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ မိုးကြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ဒီလှိုင်းကျေးရွာအုပ်စု၊ ပေါက်ချောင်းကျေးရွာ (၅.၆.၂၀၁၉)ရက်နေ့က ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံး (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်ကို (၇.၆.၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများရှေ့မှောက် တွင် ဘေးသင့်ပြည်သူ၏ မိသားစုများ လက်ဝယ်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_jun2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၁၉) ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ရေငန်ကျေးရွာအုပ်စု၊ သရက်တောကျေးရွာတွင် လေပြင်းတိုက်ခက် မှုကြောင့် လူနေအိမ် (၁) အမိုးလန်မှုဖြစ်ပွားခဲ့ရာ အဆိုပါ အမိုးလန်အိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၅၀၀၀/-) ကျပ်အား (၇-၆-၂၀၁၉) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ် ရေးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ # ha_sgw # … Read more
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၁၉)ရက်နေ့၌ သာယာဝတီမြို့နယ်၊ သဇင်အိုင်ကျေးရွာအုပ်စု၊ တောကွေ့ကျေးရွာတွင်ဖြစ်ပွားခဲ့သော လေဘေး မှ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၇-၆-၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် သာယာဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စာရေးတို့နှင့်အတူ ဘေးသင့် ပြည်သူများ၏ လက်ဝယ်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ မိုးကြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ ကုန်းမီးနင်းကျေးရွာအုပ်စု၊ ဒိုင်ဂေါင်းကျေးရွာတွင် (၄.၆.၂၀၁၉)ရက်နေ့က ဖြစ်ပွားခဲ့သော မိုးကြိုး ဘေးမှ သေဆုံး (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်အား (၇.၆.၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူ၏ မိသားစုများ လက်ဝယ်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_jun2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ အရှေ့မရင်းတုန်းကျေးရွာနှင့် ရေလဲနှဲကော ကျေးရွာအုပ်စု၊ အိုင်ကနူးကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၇၅) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာ သူများအား အသိပညာပေးလက်ကမ်းစာစောင်များ၊ မုန့်နှင့် ကော်ဖီထုပ်များ ဝေငှပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။ #ar #ayy_jun2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်မှုအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ (၅) မိုင်စီအင်ကျေးရွာ၌ဖြစ်ပွားသော မီးဘေးသင့်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁) ထပ် နေအိမ် (၁) လုံး မီးဘေးသင့်ပျက်စီးခဲ့ရပြီး အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်၊ မီးဘေးသင့်သေဆုံးသူ (၁) ဦးအတွက် (၃၀၀၀၀၀/-) ကျပ် ၊ လူဦးရေ (၇) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၄၇၀၀/-) ကျပ်နှင့် … Read more
-
သံတွဲခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသော သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ကွဲျသောက်ကျေးရွာအုပ်စု ဆင်ဒင်ကလေးကျေးရွာ၊ အိမ်ခြေ (၂၄၀)၊ လူဦးရေ (၆၀၀)ဦးအတွက် သောက်သုံးရေဂါလံံ (၂၀၀၀) နှင့် (၆.၆.၂၀၁၉)ရက်နေ့ ညနေပိုင်းတွင် သံတွဲမြို့နယ်၊ မဲနယ်ကွင်း၊ ကျေးရွာအုပ်စု မဒေးကျေးရွာ အိမ်ခြေ(၇၈)လူဦးရေ (၂၃၅)ဦး အတွက် သောက်ရေသန့် (၂၀)လီတာဘူး(၇၈)ဘူးတို့အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #rke_jun2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး … Read more









