လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသော သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ကွဲျသောက်ကျေးရွာအုပ်စု ဆင်ဒင်ကလေးကျေးရွာ၊ အိမ်ခြေ (၂၄၀)၊ လူဦးရေ (၆၀၀)ဦးအတွက် သောက်သုံးရေဂါလံံ (၂၀၀၀) နှင့် (၆.၆.၂၀၁၉)ရက်နေ့ ညနေပိုင်းတွင် သံတွဲမြို့နယ်၊ မဲနယ်ကွင်း၊ ကျေးရွာအုပ်စု မဒေးကျေးရွာ အိမ်ခြေ(၇၈)လူဦးရေ (၂၃၅)ဦး အတွက် သောက်ရေသန့် (၂၀)လီတာဘူး(၇၈)ဘူးတို့အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#rke_jun2019
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)