လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ပိုးထိုးပင်ကျေးရွာ၊ သစ္စာမဏ္ဍိုင်ကျောင်းတိုက်မှ ဆရာတော် ဦးပဏ္ဍဝသည် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း call center ရှိ hot-line ဖုန်းသို့ဆက်သွယ်ပြောကြားလာမှုကြောင့် (၇-၆-၂၀၁၉) ရက်နေ့တွင် စုစုပေါင်း သောက်သုံးရေဂါလံ(၁၆၀၀) အား သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#npw_jun2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)