လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၁၉) ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ရေငန်ကျေးရွာအုပ်စု၊ သရက်တောကျေးရွာတွင် လေပြင်းတိုက်ခက် မှုကြောင့် လူနေအိမ် (၁)  အမိုးလန်မှုဖြစ်ပွားခဲ့ရာ အဆိုပါ အမိုးလန်အိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၅၀၀၀/-) ကျပ်အား (၇-၆-၂၀၁၉) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ် ရေးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

# ha_sgw

# bgo _jun2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events