လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ (၅) မိုင်စီအင်ကျေးရွာ၌ဖြစ်ပွားသော မီးဘေးသင့်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁) ထပ် နေအိမ် (၁) လုံး မီးဘေးသင့်ပျက်စီးခဲ့ရပြီး အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်၊ မီးဘေးသင့်သေဆုံးသူ (၁) ဦးအတွက် (၃၀၀၀၀၀/-) ကျပ် ၊ လူဦးရေ (၇) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၄၇၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံးတို့အား (၆-၆-၂၀၁၉) ရက်နေ့ ညနေ (၄:၀၀)အချိန်တွင်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#kcn_jun2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)