Category Archives: News
-
ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၆-၂၀၁၉) ရက်နေ့ (၁၀:၀၀) မှ(၁၁:၀၀) ထိ ကျောက်ဖြူမြို့နယ်၊ သဲတန်းအုပ်စု၊ ကုန်ဘောင်ကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းတက်ရောက်သူဦးရေ (၅၀) ကျော်တက်ရောက်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲ တွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန် များပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များဝေငှပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #rke_jun2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဆိုင်းဘုတ်များစိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် World Vision တို့ပူးပေါင်း၍ (၁၁-၆-၂၀၁၉)ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်နှင့် အေးရိပ်ငြိမ်ရပ်ကွက်တို့တွင် သဘာဝဘေးအသိပညာပေးဆိုင်းဘုတ်များစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2019 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေး ကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၁၁-၆-၂၀၁၉) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ ကျွန်းတောကျေးရွာအုပ်စု၊ ပျဉ်းမစခန်းကျေးရွာ၊ ဘုရားလေးဓမ္မာရုံ၌ လူဦးရေ (၁၂၅) ဦးခန့်အား သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ ရာ ပြည်သူလူထုများစိတ်ဝင်စားစွာတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mon_jun2019-06-11 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၁၉)ရက်နေ့ ကော့သောင်းမြို့နယ်၊ ချန်းဖန်းကျေးရွာအုပ်စု၊ ဘန်နွားကျေးရွာတွင် ဖြစ်ပွားသည့် မိုးသက်လေပြင်းဘေးကြောင့် ဘေးသင့်အိမ်ခြေ(၂)၊ အိမ်ထောင်စု(၂)၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် ထောက်ပံ့ငွေ (၁၆၀,၀၀၀/-)ကျပ်တို့အား (၉-၆-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2019 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၆.၂၀၁၉)ရက်နေ့တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အမှတ်(၁)ရပ်ကွက် ယမုံနာလမ်း၌ ဖြစ်ပွားသည့် မီးဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀,၀၀၀/-)ကျပ် အိမ်ထောင်စု (၁)စုမှ လူဦးရေ(၄)ဦးအတွက် ဆန်ဘိုး(၇)ရက်စာ ထောက်ပံ့ငွေကျပ် (၈,၄၀၀/-)၊ (၃၂,၃၅၃/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)စုစာနှင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၀၈,၄၀၀/-) ကျပ်တို့အား (၁၁.၆.၂၀၁၉)နေ့ နံနက်(၁၁း၀၀)နာရီချိန်တွင် ဘေးသင့်သူများထံအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jun2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၆-၂၀၁၉) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ လွဲလော၊ လွဲစွန်း၊ မန်ပင်ကျေးရွာအုပ်စု၊ လွဲလောကျေးရွာနှင့် မိုးကောင်းမြို့၊ မြို့ဦးရပ်ကွက်အုပ်ချုပ်ရေးမှူးတို့တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ လူဦးရေ စုစုပေါင်း (၁၆၀) ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခြင်း၊ မြို့ဦး(အ.မ.က) မူလွန်ကျောင်းတွင်လည်း အသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခြင်းနှင့် ပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar kcn_jun2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးသင်တန်း(Emergency Logistics Training ) ဖွင့်ပွဲအခမ်းအနား ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်
ဇွန် ၁၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးသင်တန်း (Emergency Logistics Training) ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရွှေအိမ်စံဟိုတယ်၌ ကျင်းပရာ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် အရေးပေါ် ထောက်ပံ့ပို့ဆောင်ရေးသင်တန်းဖွင့်လှစ် နိုင်ရေးအတွက် အကူအညီပေးခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အား ကျေးဇူးတင်ရှိပါကြောင်း၊ ပထမအကြိမ် သင်တန်းကို ၂၀၁၇ ခုနှစ်က ပို့ချခဲ့ပြီး … Read more
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ရေစကြိုမြို့နယ်၊ ရှင်မတောင် တောင်ပေါ် တွင် သီတင်းသုံးနေထိုင်သော အရှင်သံဃာတော်များ၊ သီလရှင်များနှင့် တောတွင်းတိရစ္ဆာန်များအတွက် သောက်သုံးရေ ဂါလံ(၂၈၀၀)ဆံ့ (၂)စီးကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အား တောင်ခြေတွင်ထားရှိပြီး သောက်သုံးရေ(၅)ဂါလံဆန့်ပုံး များအား ကားငယ်များပေါ် တင်ဆောင်၍ ပို့ဆောင်ဖြန့်ဝေခဲ့ပါသည်။ သောက်သုံးရေဖြန့်ဝေနိုင်ရန်အတွက် မြသဇင် စက်သုံးဆီဆိုင်(ရေစကြို)ရေတိုင်မှ ရေကားသို့ သောက်သုံးရေ အခမဲ့ဖြည့်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ပါသည်။ သောက်သုံးရေဖြန့်ဝေရာတွင် ရင်ခွင့်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ရေစကြို)၊ အမျိုးသား … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုက်ပွဲရှောင်မှုကြောင့် တောင်ယာနှင့် လယ်ယာလုပ်ကိုင်ရန်အခက် အခဲဖြစ်ခဲ့သော ခန္တီးမြို့နယ်၊ တိုက်တီးကျေးရွာအုပ်စု၊ တိုက်တီးကျေးရွာမှ အိမ်ထောင်စု (၈၇) စု၊ လူဦးရေ (၁၈၇) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ (၅၈) အိတ်၊ (၁၀) ပြည်၊ (၄) ဘူးနှင့် ကဲဆန်ကျမ်းဒုံးကျေးရွာမှ အိမ်ထောင်စု (၉၆) စု၊ လူဦးရေ (၂၈၉) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ (၉၀) အိတ်၊ (၇) … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့၌ ပဲခူးမြို့နယ်၊ လှော်ကား ကျေးရွာအုပ်စု၊ ဘုရားလေးကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့သောလေဘေးမှ အမိုးလန်နေအိမ် (၁) လုံးနှင့် အမိုးလန် ဘုန်းတော်ကြီး ကျောင်း (၁) ကျောင်းတို့အတွက် အိမ်နှင့် ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀၀၀ဝ/-) ကျပ်အား (၁၀-၆-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









