တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  တိုက်ပွဲရှောင်မှုကြောင့် တောင်ယာနှင့် လယ်ယာလုပ်ကိုင်ရန်အခက် အခဲဖြစ်ခဲ့သော ခန္တီးမြို့နယ်၊ တိုက်တီးကျေးရွာအုပ်စု၊ တိုက်တီးကျေးရွာမှ အိမ်ထောင်စု (၈၇) စု၊ လူဦးရေ (၁၈၇) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ (၅၈) အိတ်၊ (၁၀) ပြည်၊ (၄) ဘူးနှင့် ကဲဆန်ကျမ်းဒုံးကျေးရွာမှ အိမ်ထောင်စု (၉၆) စု၊ လူဦးရေ (၂၈၉) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ (၉၀) အိတ်၊ (၇) ပြည်၊ (၄) ဘူး စုစုပေါင်းဆန်( ၁၄၈) အိတ်၊ (၁၇) ပြည်၊ (၈) ဘူးတို့အား (၉-၆-၂၀၁၉) နေ့တွင် တိုက်တီးကျေးရွာနှင့် ကဲဆန်ကျမ်းတုံးကျေးရွာသို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_otr

#sgg_jun2019

Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events