Category Archives: News
-
သထုံခရိုင်ဦးစီးမှူးရုံးမှ လေဘေးနှင့် မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၆.၂၀၁၉)ရက်နေ့၊ (၀၂း၀၀)နာရီခန့်တွင် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ သင်ပေါင်းချောင်ကျေးရွာတွင် မိုးပန်းကုန်းကျေးရွာအုပ်စု၊ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ လူဦးရေ (၅)ဦးအတွက် (၇)စာ ဆန်ဖိုးငွေ(၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်း(၁၁၀,၅၀၀/-) အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး၊ တန်ဖိုးငွေ(၁၈,၅၁၀/-) နှင့် (၁၁.၆.၂၁၉)ရက်နေ့၊ (၀၄း၃၀)နာရီခန့်တွင် ပေါင်မြို့နယ်၊ ဝဲပတန်ကျေးရွာအနီး ပင်လယ်ပြင်တွင် ငါးဖမ်းထွက်စဉ် မိုးကြိုးပစ်ချမှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်၍ဒဏ်ရာရရှိခဲ့သူ အမျိုးသား(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်တို့အား ဘေးသင့်ပြည်သူများထံသို့ (၁၁.၆.၂၀၁၉)ရက်နေ့တွင် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၉) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ပညာရေးကောလိပ်တွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၇၂၀) ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအကြောင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jun2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပျော့ကန်ကျေးရွာအုပ်စု၊ ပျော့ကန်ကျေးရွာတွင် (၁၁-၆-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) အိမ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၄,၂၀၀/-) ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀/-) ၊ စုစုပေါင်းရန်ပုံငွေ (၁၀၄,၂၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာတို့အား … Read more
-
မိုးကြိုးပစ်မှုကြောင့် သေဆုံးပြည်သူ (၂) ဦးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာအုပ်စုနှင့် လဟာကြီးအုပ်စုရှိကျေးရွာနှစ်ရွာတွင် (၉ – ၆ – ၂၀၁၉) နေ့ လယ်ကွင်းထဲ၌ စပါးကျဲနေစဉ် လျှပ်တပြက်မိုးကြိုး ပစ်မှုကြောင့် သေဆုံးသွားခဲ့သော ပြည်သူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀၀၀၀/-) ကျပ်အား (၁၁-၆-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ကျန်ရစ်သူမိသားစုများ လက်ဝယ်သို့အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jun2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်၊ အလတ်ချောင်းအပိုင်၊ သီဟဗလ(၁၂)လမ်းနေ ဦးကိုကိုလွင်၏ သားဖြစ်သူ မောင်သဲမောင် (၁၃)နှစ်သည် (၂၄.၅.၂၀၁၉)ရက်နေ့ (၁ရး၀၀) နာရီအချိန်ခန့်တွင် ဘောလုံးကစားနေစဉ် မိုးကြိုးစက်ကွင်းထိမှန်ခဲ့သဖြင့် ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ပို့ဆောင်ကာ (၂၅.၅.၂၀၁၉)ရက်နေ့ (၀၆း၅၅)နာရီတွင် သေဆုံးသွားသဖြင့် (၁၁.၆.၂၀၁၉)ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်ကို သက်ဆိုင်ရာမြို့နယ်ထွေအုပ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jun2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၆-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးကျော်စိန်(တဲတိုက်) နှင့် ကြာကန် ကျေးရွာ(တောင်ပိုင်း) ရှိရွာနေ အိမ်ခြေ (၁၅၀) လုံး၊ အိမ်ထောင်စု (၁၅၇) စု၊ လူဦးရေ (၇၅၀) ဦးတို့အတွက်သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_sgw #mgy_2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၁၉)ရက်နေ့ (၁၅း၄၅)နာရီအချိန်၌ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ကျေးရွာအုပ်စု(ဝက်တိုးကျေးရွာ)တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် မီးဘေးသင့် နေအိမ်(၁)လုံး၊ မိသားစု(၁)စုမှလူဦးရေ (၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၁,၀၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁၀၀၀/-)ကျပ်တို့ကို (၁၁-၆-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် တန့်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း၌ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_jun2019 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)တို့ပူးပေါင်း၍ (၁၁.၆.၂၀၁၉)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု အင်းဝင်းကျေးရွာနှင့် ပုတီးတောကျေးရွာတို့တွင် သောက်သုံးရေရှားပါးနေသည့် အိမ်ခြေအိမ်ထောင်စု (၁၂၄) အိမ်ထောင်စုတို့အတွက် သုံးရေဂါလံ (၁၂၀၀)၊ သောက်ရေသန့် (၂၀)လီတာဗူး (၂၄၈)ဗူးတို့အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_drg #bgo_jun2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၉)ရက်နေ့၌ မင်းလှမြို့နယ်၊ ကြို့ကုန်း(၁)ကျေးရွာအုပ်စု၊အောက်ကိုင်းလေးကျေးရွာတွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်ကို (၁၁-၆-၂၀၁၉)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် မင်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူဘေးသင့်ပြည်သူ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # bgo _jun2019
-
Cyclone Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာအုပ်စုတွင် တည်ဆောက်လျှက်ရှိသော Cyclone Shelter၏ ၇၅% တည်ဆောက်ပြီးစီးမှုအခြေအနေအား (၁၁-၆- ၂၀၁၉)ရက်နေ့တွင် တည်ဆောက်မှုကြီးကြပ်ရေးကော်မတီမှတာဝန်ရှိသူများနှင့် အတူကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။ ayy_jun2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)









