လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)တို့ပူးပေါင်း၍ (၁၁.၆.၂၀၁၉)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု အင်းဝင်းကျေးရွာနှင့် ပုတီးတောကျေးရွာတို့တွင် သောက်သုံးရေရှားပါးနေသည့် အိမ်ခြေအိမ်ထောင်စု (၁၂၄) အိမ်ထောင်စုတို့အတွက် သုံးရေဂါလံ (၁၂၀၀)၊ သောက်ရေသန့် (၂၀)လီတာဗူး (၂၄၈)ဗူးတို့အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_drg
#bgo_jun2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)