လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၆.၂၀၁၉)ရက်နေ့၊ (၀၂း၀၀)နာရီခန့်တွင် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ သင်ပေါင်းချောင်ကျေးရွာတွင် မိုးပန်းကုန်းကျေးရွာအုပ်စု၊ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ လူဦးရေ (၅)ဦးအတွက် (၇)စာ ဆန်ဖိုးငွေ(၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်း(၁၁၀,၅၀၀/-) အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး၊ တန်ဖိုးငွေ(၁၈,၅၁၀/-) နှင့် (၁၁.၆.၂၁၉)ရက်နေ့၊ (၀၄း၃၀)နာရီခန့်တွင် ပေါင်မြို့နယ်၊ ဝဲပတန်ကျေးရွာအနီး ပင်လယ်ပြင်တွင် ငါးဖမ်းထွက်စဉ် မိုးကြိုးပစ်ချမှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်၍ဒဏ်ရာရရှိခဲ့သူ အမျိုးသား(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်တို့အား ဘေးသင့်ပြည်သူများထံသို့ (၁၁.၆.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ha_tls
#mon_jun2019
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)