လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်၊ အလတ်ချောင်းအပိုင်၊ သီဟဗလ(၁၂)လမ်းနေ ဦးကိုကိုလွင်၏ သားဖြစ်သူ မောင်သဲမောင် (၁၃)နှစ်သည် (၂၄.၅.၂၀၁၉)ရက်နေ့ (၁ရး၀၀) နာရီအချိန်ခန့်တွင် ဘောလုံးကစားနေစဉ် မိုးကြိုးစက်ကွင်းထိမှန်ခဲ့သဖြင့် ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ပို့ဆောင်ကာ (၂၅.၅.၂၀၁၉)ရက်နေ့ (၀၆း၅၅)နာရီတွင် သေဆုံးသွားသဖြင့် (၁၁.၆.၂၀၁၉)ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်ကို သက်ဆိုင်ရာမြို့နယ်ထွေအုပ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_tls
#ayy_jun2019
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)