ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း

11_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၁၉)ရက်နေ့ (၁၅း၄၅)နာရီအချိန်၌ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ကျေးရွာအုပ်စု(ဝက်တိုးကျေးရွာ)တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် မီးဘေးသင့် နေအိမ်(၁)လုံး၊ မိသားစု(၁)စုမှလူဦးရေ (၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၁,၀၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁၀၀၀/-)ကျပ်တို့ကို (၁၁-၆-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် တန့်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း၌ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#sgg_jun2019

Source:  ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events