Category Archives: News
-
သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေး အသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၆-၂၀၁၉)ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ အ.လ.က(စီပင်ကြီး)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူ အင်အား (၂၅၀)ဦးဖြင့်ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ မြေပြိုဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များဟောပြောခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် ဗလာစာအုပ်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉)ရက်နေ့ ညနေ(၁၄း၀၀)နာရီမှ (၁၆း၀၀)နာရီအထိ ကျိုင်းတုံမြို့ အမှတ်(၆) အခြေခံပညာ အထက်တန်း ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူ (၂၇၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source: … Read more
-
ချင်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ်ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် IOM တို့ပူးပေါင်းကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ်အခမ်းအနားကို (၂၀-၆-၂၀၁၉)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်က မြို့နယ်စုပေါင်းရုံးခန်းမ၊ ဟားခါးမြို့၌ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ ပြည်နယ်ဦးစီးမှူး(ဘစမ)နှင့် IOMမှ အမျိုးသားအစီအစဉ်အရာရှိတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဖိုရမ်ရေးဆွဲရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးချစ်ကျော်(ညွှန်ကြားရေးမှူးငြိမ်း)က ချင်းပြည်နယ်၏ မိုးလေဝသနှင့် ဇလဗေဒအခြေအနေများ၊ ကြိုတင်ပြင်ဆင်ထားသင့်သည်များနှင့် ထည့်သွင်းစဉ်းစားသင့်သည့် အကြောင်းအရာများ ဆွေးနွေးပြောကြား ခဲ့ကြောင်း၊ အဆိုပါပွဲသို့ တက်ရောက်လာသူများမှ ကဏ္ဍအသီးသီးအဖွဲ့လိုက်ဆွေးနွေးခဲ့ကြောင်း၊ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းဖိုရမ်အားကောင်းရန် … Read more
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု (အောက်ထုံးနှင့် အင်းတေးစု)ကျေးရွာတို့၌ (၁၄.၆.၂၀၁၉)ရက်နေ့နှင့် (၁၉.၆.၂၀၁၉)ရက်နေ့တို့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ကြသည့် နေအိမ် (၂၃)လုံး ဖျက်သိမ်းခဲ့ပြီး အိမ်ထောင်စု တစ်စုလျှင် (၃၀,၀၀၀/-)နှုန်းဖြင့် အိမ်ထောင်စု (၂၃)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၉၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၁၀၂)ဦး အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၂၁၄,၂၀၀/-)ကျပ်၊ ကယ်ဆယ်ရေးရန်ပုံငွေပေါင်း (၉၀၄,၂၀၀/-)ကျပ်တို့ကို (၂၀.၆.၂၀၁၉)ရက်နေ့ (၁၀း၂၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jun2019 Source: … Read more
-
သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး DAN Application အသိပညာပေးခြင်းနှင့် ဖြန့်ချိခြင်းအခမ်းအနားကျင်းပမှုသတင်း
ဇွန် ၂၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး ဒါန်မိုဘိုင်း အက်ပလီကေးရှင်း (Disaster Alert Notification- DAN Application) အား ၂၀၁၆ ခုနှစ်မှ စတင်ကာ ပုံစံထုတ် ရေးဆွဲခဲ့ပြီး UNDP နှင့် ECHO အဖွဲ့အစည်းများ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်မှုများကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းကဲ့သို့ အဆင့်မြှင့်တင် ရေးဆွဲထားသည့် DAN Application အား ပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့် … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီ ============================================ အချိန်ထုတ်ပြန်ချက်) ============= “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။”
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-ထိန်တောတွင် ကျောင်းတွင်းအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်း အစီ အစဉ်ကိုကျင်းပခဲ့ရာ ပထမဦးစွာရွေးချယ်ထားသော ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးအား သဘာဝဘေးအန္တရယ်ဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းပေးခဲ့ပြီး ၎င်းသင်တန်းသားများ ပူးပေါင်းပါဝင်၍ ဆရာ၊ ဆရာမများနှင့် ကျောင်သား၊ ကျောင်းသူ(၂၀၀၀)ဦးခန့် တစ်ကျောင်း လုံးအတိုင်းအတာဖြင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #bgo_jun2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။”
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၆.၂၀၁၉)ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော သရက် မြို့နယ်၊ ပြရေကျေးရွာအုပ်စု၊ ဝက်သားစားကျေးရွာနေ အိမ်ထောင်စု(၄၅)စု၊ လူဦးရေ (၂၂၃)ဦးအတွက် သောက်သုံးရေဂါလံ(၆၀၀၀)ကို ရေသယ် ယာဉ်ဖြင့် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအုက်စု၊ မော်ဟန်ကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းသို့ မရူဖတ်ကာကျေးရွာမှ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၂)စု လူဦးရေ (၂၂၄)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး အိမ်ထောင်စု (၁၂၂)စုစာနှင့် လူဦးရေ (၂၂၄)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ တန်ဘိုး (၄၇၀,၄၀ဝ/-) စုစုပေါင်း ထောက်ပံ့မှု (၁၉,၉၆,၆၂ဝ/-)ကျပ်တို့ကို (၂၀-၆-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ရေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr … Read more









