လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-ထိန်တောတွင် ကျောင်းတွင်းအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်း အစီ အစဉ်ကိုကျင်းပခဲ့ရာ ပထမဦးစွာရွေးချယ်ထားသော ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးအား သဘာဝဘေးအန္တရယ်ဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းပေးခဲ့ပြီး ၎င်းသင်တန်းသားများ ပူးပေါင်းပါဝင်၍ ဆရာ၊ ဆရာမများနှင့် ကျောင်သား၊ ကျောင်းသူ(၂၀၀၀)ဦးခန့် တစ်ကျောင်း လုံးအတိုင်းအတာဖြင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ar
#bgo_jun2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)