လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု (အောက်ထုံးနှင့် အင်းတေးစု)ကျေးရွာတို့၌ (၁၄.၆.၂၀၁၉)ရက်နေ့နှင့် (၁၉.၆.၂၀၁၉)ရက်နေ့တို့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ကြသည့် နေအိမ် (၂၃)လုံး ဖျက်သိမ်းခဲ့ပြီး အိမ်ထောင်စု တစ်စုလျှင် (၃၀,၀၀၀/-)နှုန်းဖြင့် အိမ်ထောင်စု (၂၃)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၉၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၁၀၂)ဦး အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၂၁၄,၂၀၀/-)ကျပ်၊ ကယ်ဆယ်ရေးရန်ပုံငွေပေါင်း (၉၀၄,၂၀၀/-)ကျပ်တို့ကို (၂၀.၆.၂၀၁၉)ရက်နေ့ (၁၀း၂၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_jun2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)