ချင်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ်ကျင်းပပြုလုပ်မှုသတင်း

21 pic_01 21 pic_02 21 pic_04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် IOM တို့ပူးပေါင်းကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ်အခမ်းအနားကို (၂၀-၆-၂၀၁၉)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်က မြို့နယ်စုပေါင်းရုံးခန်းမ၊ ဟားခါးမြို့၌ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ ပြည်နယ်ဦးစီးမှူး(ဘစမ)နှင့် IOMမှ အမျိုးသားအစီအစဉ်အရာရှိတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဖိုရမ်ရေးဆွဲရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးချစ်ကျော်(ညွှန်ကြားရေးမှူးငြိမ်း)က ချင်းပြည်နယ်၏ မိုးလေဝသနှင့် ဇလဗေဒအခြေအနေများ၊ ကြိုတင်ပြင်ဆင်ထားသင့်သည်များနှင့် ထည့်သွင်းစဉ်းစားသင့်သည့် အကြောင်းအရာများ ဆွေးနွေးပြောကြား ခဲ့ကြောင်း၊ အဆိုပါပွဲသို့ တက်ရောက်လာသူများမှ ကဏ္ဍအသီးသီးအဖွဲ့လိုက်ဆွေးနွေးခဲ့ကြောင်း၊ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းဖိုရမ်အားကောင်းရန် အဖွဲ့ငယ်များဖွဲ့စည်းခြင်းနှင့် တာဝန်များ သတ်မှတ်ခြင်းလုပ်ငန်းများဆွေးနွေးခဲ့ကြကြောင်း၊ အခမ်းအနားသို့ ပြည်နယ်/ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ INGOs, NGOs, CSO လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၇၅) ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events