Category Archives: News
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၁၉)နေ့ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု ပိန်းတောကျေးရွာ၌ မိုးသက်လေပြင်းကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀,၀၀၀) ကျပ်၊ အမိုးလန်ပျက်စီးအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၇၀,၀၀၀)ကျပ် (ဆုံးရှုံးမှုတန်ဖိုးအတိုင်း)နှင့် ဘေးသင့်လူဦးရေ (၂၁)ဦးအတွက် ဆန်ဘိုး(၄၄,၁၀၀) ကျပ်တို့အား (၅-၇-၂၀၁၉)နေ့ ညနေ (၃:၄၅)အချိန်တွင် လည်းကောင်း၊ … Read more
-
ကလောမြို့နယ်အတွင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ကလောမြို့နယ် အ.လ.က (အောင်ပန်း)၌ကျာင်းသား/သူ (၂၅၀)ဦးအားလည်းကောင်း၊ နေ့လယ်ပိုင်းတွင် ကလောမြို့နယ် အ.လ.က (လမိုင်း) ၌ကျာင်းသား/ သူ (၂၀၀)ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ပြုလုပ် ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_jul2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေး၊ ကမ်းပြိုဘေးတို့နှင့်ပတ် သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၉) ရက်နေ့ တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီး ကျေးရွာအုပ်စု၊ ဥပေကျေးရွာ အလကခွဲစာသင်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၃၀၀)ဦးအား ပင်လယ် ကမ်းခြေဒေသများတွင်အဖြစ်များလေ့ရှိသော မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေး၊ ကမ်းပြိုဘေးတို့နှင့် ပတ်သက်၍ အသိပညာဗဟုသုတများသရုပ်ပြဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_jul2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေး ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှုးရုံး(ဘစမ)မှ တာဝန်ရှိသူများသည် ဇူလိုင်လ(၃) ရက်နေ့၊ ကျိုက်လတ်မြို့နယ်၊ လေလံပင်ကျေးရွာအုပ်စု၊ လမုလေးကျေးရွာတွင် လေဘေးဖြစ်ပွားခဲ့ရာ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀ကျပ်)၊ ဆန်ဖိုးငွေ(၁၂၆၀၀ကျပ်)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးတို့ကို ဇူလိုင်လ(၅)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jul2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ ပျဉ်ပုံလေးကျးရွာအုပ်စု၊ ပျဉ်ပုံလေးကျေးရွာ၌(၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ် (၁) လုံးရှိ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်တို့အား(၅-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_jul2019
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ ဗျိုင်းချယ်ကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာ၌ (၃၀-၆-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ဘေးသင့် အမိုးလန် နေအိမ် (၁) လုံးရှိ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀ဝ/-) ကျပ်အား (၅-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_jul2019
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ မှန်စီကျောင်းလမ်း၌ (၃-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀/-) ကျပ်တို့အား (၅-၇-၂၀၁၉) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ … Read more
-
ဒဏ်ရာရလူနာအတွက် ထောက်ပံ့ငွေများပေးအပ်နေစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၇)ရပ်ကွက်၊ တောင်ရာမည (၂) လမ်း၌ (၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကုက္ကိုလ်ပင်လဲကျပြီး သစ်ကိုင်းဖြင့်ရိုက်ခတ်မှုကြောင့် ဒဏ်ရာရ လူနာ (၁) ဦးအတွက် ထောက်ပံငွေ (၅၀,၀၀၀/-) ကျပ်အား (၁၅း၀၀) နာရီအချိန်တွင် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_jul2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဇရပ်လှကြီး ကျေးရွာအုပ်စု၊ ဂရက်တာကျေးရွား၊ သုံးခွကျေးရွာအုပ်စု၊ ကလောင်ကျေးရွာ၊ ဘုရားချောင်းကျေးရွာအုပ်စု၊ မအူချောင်းကျေးရွာနှင့် မြေနုကျေးရွာအုပ်စု၊ ကျုံတုံးကျေးရွာတို့၌ (၄-၄-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွား ခဲ့သောလေဘေးကြောင့် ဘေးသင့်ပြိုကျပျက်စီးနေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၈) အိမ်ထောင်စာ၊ အမိုးလန်ပျက်စီးနေအိမ် (၁၄) လုံး၊ စုစုပေါင်း နေအိမ် (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စုမှ လူဦးရေ … Read more
-
ကသာခရိုင်ဦးစီးမှူးရုံး၌ မြေပြင်လက်ကျန်စာရင်းများ ကောက်ယူစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများနှင့် ကော့လင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၄-၇-၂၀၁၉) ရက်နေ့တွင် ကသာခရိုင်ဦးစီးမှူးရုံး၌ မြေပြင်လက်ကျန်စာရင်းများ ကောက်ယူ စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #sgg_jul2019









