လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

6_Pic_01 6_Pic_02

 

 
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၁၉)နေ့ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု ပိန်းတောကျေးရွာ၌ မိုးသက်လေပြင်းကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀,၀၀၀) ကျပ်၊ အမိုးလန်ပျက်စီးအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၇၀,၀၀၀)ကျပ် (ဆုံးရှုံးမှုတန်ဖိုးအတိုင်း)နှင့် ဘေးသင့်လူဦးရေ (၂၁)ဦးအတွက် ဆန်ဘိုး(၄၄,၁၀၀) ကျပ်တို့အား (၅-၇-၂၀၁၉)နေ့ ညနေ (၃:၄၅)အချိန်တွင် လည်းကောင်း၊ (၄-၇-၂၀၁၉)နေ့ မြိတ်မြို့နယ်၊ တောင်ဖီလာကျေးရွာမှ လေပြင်းကြောင့်သစ်ပင်ကျိုးကျပြီး အမိုးပျက်စီးအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်နှင့် လူ (၅) ဦးအတွက် ဆန်ဘိုး (၁၀,၅၀၀)ကျပ်တို့အား (၅-၇-၂၀၁၉)နေ့ ညနေ(၆:၃၀)အချိန်တို့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
# ha_sgw
#tny _jul2019
 
 
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events