လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၉) ရက်နေ့ တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီး ကျေးရွာအုပ်စု၊ ဥပေကျေးရွာ အလကခွဲစာသင်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၃၀၀)ဦးအား ပင်လယ် ကမ်းခြေဒေသများတွင်အဖြစ်များလေ့ရှိသော မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေး၊ ကမ်းပြိုဘေးတို့နှင့် ပတ်သက်၍ အသိပညာဗဟုသုတများသရုပ်ပြဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_jul2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)