
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ကလောမြို့နယ် အ.လ.က (အောင်ပန်း)၌ကျာင်းသား/သူ (၂၅၀)ဦးအားလည်းကောင်း၊ နေ့လယ်ပိုင်းတွင် ကလောမြို့နယ် အ.လ.က (လမိုင်း) ၌ကျာင်းသား/ သူ (၂၀၀)ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ပြုလုပ် ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_jul2019
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)