လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဇရပ်လှကြီး ကျေးရွာအုပ်စု၊ ဂရက်တာကျေးရွား၊ သုံးခွကျေးရွာအုပ်စု၊ ကလောင်ကျေးရွာ၊ ဘုရားချောင်းကျေးရွာအုပ်စု၊ မအူချောင်းကျေးရွာနှင့် မြေနုကျေးရွာအုပ်စု၊ ကျုံတုံးကျေးရွာတို့၌ (၄-၄-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွား ခဲ့သောလေဘေးကြောင့် ဘေးသင့်ပြိုကျပျက်စီးနေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၈) အိမ်ထောင်စာ၊ အမိုးလန်ပျက်စီးနေအိမ် (၁၄) လုံး၊ စုစုပေါင်း နေအိမ် (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စုမှ လူဦးရေ (၉၇) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၅၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက် စာ (၂၀၃,၇၀ဝ/-) ကျပ်တို့အား (၅-၇-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ayy_jul2019