Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၇.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ရပ်စောက်မြို့နယ် အ.လ.က (၃)၌ ကျောင်းသား/ သူ (၂၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး
-
မြစ်ရေကြီးမှုအခြေအနသတင်း
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- လေးမြို့မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများနှင့်စပ်လျဉ်း၍ … Read more
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်၊ သိန်လုံကျေးရွာ၌ (၉-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်တို့အား (၁၁-၇-၂၀၁၉) ရက်နေ့၊ (၁၁း၅၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ အမှတ် (၄) ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ (၃၉၂) ဦးအား သဘာဝဘေး အသိ ပညာပေးဟောပြောခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတက်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွား နေစဉ်နှင့် ဖြစ်ပွားပြီး နောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင် … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၂) ရွာတို့၌ (၈-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၆) စုနှင့် အမိုးလန်နေအိမ် (၁) လုံးရှိ လူဦးရေ (၂၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄၂,၀၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၆၄၂,၀၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၅) … Read more
-
နှစ်စဉ် မုတ်သုံကာလအတွင်း ဖြစ်ပေါ်လေ့ရှိသည့် ရေဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်မှုနှင့်စပ်လျဉ်း၍ ကြိုတင် ပြင်ဆင်မှုအစီအမံများ ဆောင်ရွက်ထားနိုင်ရေး ဌာနတွင်း ညှိနှိုင်းအစည်း အဝေးကျင်းပြုလုပ်မှုသတင်း
ဇူလိုင်လ ဒုတိယ ၁၀ ရက်ပတ်အတွင်း အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းလာနိုင်ခြင်း၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်စသော အဓိကမြစ်ကြီးများအပါအဝင် စစ်တောင်းမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်၊ ဘီးလင်းမြစ်စသော မြစ်များတွင် မြစ်ရေများမြင့်တက်လာနိုင်ပြီး အချို့စခန်းများမှာ စိုးရိမ်ရေမှတ်အနီး ကပ်လာနိုင် ခြင်းနှင့် စိုးရိမ်ရေမှတ်အထက် ရောက်ရှိလာနိုင်ခြင်းစသည့် အခြေအနေများကြောင့် နှစ်စဉ်မုတ်သုံကာလတွင် ဖြစ်ပေါ် လေ့ရှိသည့် ရေဘေးအန္တရာယ်များဖြစ်ပေါ်လာနိုင်မှုနှင့်စပ်လျဉ်း၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ထောက်ပံ့မှုလုပ်ငန်းများ အချိန်ကိုက်ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုအစီအမံများ ဆောင်ရွက် ထားနိုင်ရန်၊ မှန်ကန်တိကျသော သတင်းအချက်အလက်များရယူဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၊ အမှတ်(၇၂)ရပ်ကွက် ၊ စွယ်တော်လမ်းတွင် (၄.၇.၂၀၁၉)ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးသွားသော နေအိမ်(၁)လုံးနှင့် သေဆုံးဒဏ်ရာပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၂၀၀,၀၀ဝိ/-)၊ သေဆုံးထောက်ပံ့ငွေကျပ် (၃၀၀,၀၀ဝိ/-)၊ ဒဏ်ရရာထောက်ပံ့ငွေကျပ် (၅၀,၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေကျပ်(၆၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၅၆,၃၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စုစာအား (၁၀.၇.၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာမြို့နယ်ထွေ/အုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_jul2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ၊ အမှတ်(၅)ရပ်ကွက် သံသုမာလမ်းတွင် (၂.၇.၂၀၁၉)ရက်နေ့တွင် မီးလောင်မှုကြောင့် ဟူစွန်နီယာအာစေမွန်လုအွန်ဘာသာရေးကျောင်း(အစ္စလာမ်မိဘမဲ့စာသင်ကျောင်း) မီးလောင်ဆုံးရှုံးခဲ့ပြီး ကျောင်းသား(၇၇)ဦး မီးဘေးသင့်ခဲ့သဖြင့် (၁၀.၇.၂၀၁၉)ရက်နေ့တွင် ကျောင်းဆောက်ပစ္စည်းဖိုး ငွေကျပ်(၃၀၀,၀၀ဝိ/-)နှင့် ဗလာစာအုပ်(၃၂)ဒါဇင်အား ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ သက်ဆိုင်ရာမြို့နယ်ထွေအုပ်တို့နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_jul2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
ရေဘေးသင့်ပြည်သူများ ယာယီပြောင်းရွှေ့နေထိုင်ရန်နေရာများ စီစဉ်ထားမှုသတင်း
(၁၀-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတက်မှုကြောင့် မြစ်ကြီးနားမြို့၊ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် မြို့သစ် ကြီး၊ ကြက်ပေါင်ခြံ၊ လယ်ကုန်းရပ်ကွက်များတွင် လူနေအိမ်ခြေများသို့ မြစ်ရေဝင်ရောက်လျက်ရှိပြီး လတ်တလော နေထိုင်မှု အဆင်ပြေစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ရေဘေးသင့်ပြည်သူများ ယာယီပြောင်းရွှေ့ နေထိုင်ရန် နေရာများ စီစဉ်ပေးထားပြီး ထမင်းချက်ပြုတ်မစားနိုင်သော အိမ်ထောင်စုများအတွက် ထမင်းထုပ် စီစဉ် ပေးလျက်ရှိကြောင်း၊ ဧရာဝတီမြစ်ရေမှာ မြစ်ကြီးနားမြို့တွင် (၁၂၀၀) စင်တီမီတာဖြစ်ပြီး၊ … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင် ကျေးရွာ၊ ထနီးကျေးရွာအုပ်စု၊ အလန်းကြီးကျေးရွာတို့၌ (၈-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁၅) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၂၀) လုံး၊ စုစုပေါင်းနေအိမ် (၃၅) လုံး အိမ်ထောင်စု (၃၅) စုမှ လူဦးရေ (၂၄၀) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၄၅၀,ဝဝဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ( ၇) ရက်စာ (၅၀၄,၀၀၀/-) ကျပ်၊ … Read more









