
ဇူလိုင်လ ဒုတိယ ၁၀ ရက်ပတ်အတွင်း အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းလာနိုင်ခြင်း၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်စသော အဓိကမြစ်ကြီးများအပါအဝင် စစ်တောင်းမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်၊ ဘီးလင်းမြစ်စသော မြစ်များတွင် မြစ်ရေများမြင့်တက်လာနိုင်ပြီး အချို့စခန်းများမှာ စိုးရိမ်ရေမှတ်အနီး ကပ်လာနိုင် ခြင်းနှင့် စိုးရိမ်ရေမှတ်အထက် ရောက်ရှိလာနိုင်ခြင်းစသည့် အခြေအနေများကြောင့် နှစ်စဉ်မုတ်သုံကာလတွင် ဖြစ်ပေါ် လေ့ရှိသည့် ရေဘေးအန္တရာယ်များဖြစ်ပေါ်လာနိုင်မှုနှင့်စပ်လျဉ်း၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ထောက်ပံ့မှုလုပ်ငန်းများ အချိန်ကိုက်ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုအစီအမံများ ဆောင်ရွက် ထားနိုင်ရန်၊ မှန်ကန်တိကျသော သတင်းအချက်အလက်များရယူဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး စသည်တို့နှင့်စပ်လျဉ်း၍ ဌာနတွင်းညှိနှိုင်းအစည်းအဝေးအား (၁၁-၇-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများဖြင့် ပြုလုပ်ခဲ့ပါသည်။
Source: DDM
#ha_fld
#npw_jul2019