
(၁၀-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတက်မှုကြောင့် မြစ်ကြီးနားမြို့၊ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် မြို့သစ် ကြီး၊ ကြက်ပေါင်ခြံ၊ လယ်ကုန်းရပ်ကွက်များတွင် လူနေအိမ်ခြေများသို့ မြစ်ရေဝင်ရောက်လျက်ရှိပြီး လတ်တလော နေထိုင်မှု အဆင်ပြေစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ရေဘေးသင့်ပြည်သူများ ယာယီပြောင်းရွှေ့ နေထိုင်ရန် နေရာများ စီစဉ်ပေးထားပြီး ထမင်းချက်ပြုတ်မစားနိုင်သော အိမ်ထောင်စုများအတွက် ထမင်းထုပ် စီစဉ် ပေးလျက်ရှိကြောင်း၊ ဧရာဝတီမြစ်ရေမှာ မြစ်ကြီးနားမြို့တွင် (၁၂၀၀) စင်တီမီတာဖြစ်ပြီး၊ (၁၆း၃၀) နာရီအချိန် တိုင်းထွာချက်အရ (၁၁၁၅) စင်တီမီတာ ရှိပါကြောင်းနှင့် ရပ်ကွက် (၃) ခုမှ ရေဝင်အိမ်ထောင်စု (၅၈) စု၊ လူဦးရေ (၂၈၅) ဦးဖြစ်ပါကြောင်း ကနဦးသတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#kcn_jul2019