သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ အမှတ် (၄) ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ (၃၉၂) ဦးအား သဘာဝဘေး အသိ ပညာပေးဟောပြောခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတက်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွား နေစဉ်နှင့် ဖြစ်ပွားပြီး နောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင် ရမည့်အနေအထားများကို လက်တွေ့သရုပ်ပြသခြင်းနှင့် လက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_jul2019

Sign Up

Upcoming Events