လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင် ကျေးရွာ၊ ထနီးကျေးရွာအုပ်စု၊ အလန်းကြီးကျေးရွာတို့၌ (၈-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁၅) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၂၀) လုံး၊ စုစုပေါင်းနေအိမ် (၃၅) လုံး အိမ်ထောင်စု (၃၅) စုမှ လူဦးရေ (၂၄၀) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၄၅၀,ဝဝဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ( ၇) ရက်စာ (၅၀၄,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၉၅၄,၀၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁၈) ပုံး တို့အား (၁၀-၇-၂၀၁၉) ရက်နေ့ (၀၈း၃၀) နာရီအချိန်တွင် ပလောင်ကျေးရွာ၌လည်းကောင်း (၁၀း၃၀) နာရီအချိန်တွင် အလန်းကြီးကျေးရွာ၌လည်းကောင်း မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_jul2019