Category Archives: News
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၉) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ အထက်မြက်လဲှကျေးရွာမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၈) ဦး၊ ဗန်းဗွီးကျေးရွာမှ တိုက်ပွဲရှောင်အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၅) ဦး၊ စုစုပေါင်း လူဦးရေ (၃၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁) လစာ (၂၉၇,၀၀၀/-) ကျပ်တို့အား (၁၁-၇-၂၀၁၉) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း … Read more
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ လက်ပံတန်းကျေးရွာ အုပ်စု၊ လက်ပံတန်းကျေးရွာ၌ (၉-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်တို့အား (၁၁-၇-၂၀၁၉) ရက်နေ့၊ (၁၅း၁၅) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
လေဘေးသင့်နေအိမ်များအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သာယာကုန်းကျေးရွာ၌ (၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် ဘေးသင့်အမိုးလန် နေအိမ် (၄) လုံး၊ ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၂၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၂,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကျောက်မဲခရိုင်ဦးစီးမှူ းရုံးမှတာဝန်ရှိသူများသည် (၁၀-၇-၂၀၁၉) နေ့တွင်နောင်ချိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)၌ (၀၉း၃၀)ချိန်မှ(၁၀း၃၀)ချိန်ထိ ကျောင်းသား/သူ(၁၅၀)ဦးခန့်အားလည်းကောင်း၊ (၁၁း၀၀)ချိန်မှ(၁၂း၀၀)ချိန်ထိ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)မှကျောင်းသား/သူ(၄၀၀)ဦးခန့်အားလည်းကောင်း၊ (၁၃း၀၀)ချိန်မှ(၁၄း၀၀)ချိန်ထိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နောင်ချိုမှ ကျောင်းသား/သူ(၁၅၀)ဦးခန့်အားလည်းကောင်း၊ (၁၄း၃၀)ချိန်မှ(၁၅း၃၀)ချိန်ထိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောက်ကြမ်းမှ ကျောင်းသား/သူ(၁၅၀)ဦးခန့်အားလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန် /ရှောင်ရန်များအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇူလိုင်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင် ဖျာပုံမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောပွဲများကျင်းပခဲ့ရာ သဘာဝဘေးလျော့ပါးရေးအသိပညာပေးအဖြစ် မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေးနှင့် ငလျင်ဘေးအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ရာ ကျောင်းသားကျောင်းသူ(၃၀၀)ဦး တက်ရောက်နားထောင်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး
-
လေဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အလယ်ဘုတ် ကျေးရွာအုပ်စုနှင့် မလေးရှားဝိုင်ကျေးရွာအုပ်စုတို့တွင် (၁-၇-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ် (၈) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီး၍ နေအိမ် (၁) လုံးပြိုကျပျက်စီးခဲ့ရာ အိမ်ထောင်စု (၉) စုမှ လူဦးရေ (၄၂) ဦးတို့ လေဘေးသင့်ခဲ့ပြီး တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ကျွဲဘုတ်ကျေးရွာအုပ်စုအတွင်း၌ (၇-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (၅-၇-၂၀၁၉)ရက်နေ့ ဘားအံမြို့နယ်၊ မိဇံကျေးရွာအုပ်စု၊ လှိုင်ခြုံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးရှိ သွပ်ပြားများနှင့်ထုတ်တန်းများပျက်စီးခဲ့သဖြင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၄၂၀၀/-)ကျပ်၊ စုစုပေါင်းကျပ် (၁၀၄၂၀၀/-)အား (၁၁-၇-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_jul2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး
-
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
ခန္တီးခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ ခန္တီးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွင်းခြင်း၊ ချင်းတွင်းမြစ်ရေ သည် စိုးရိမ်ရေအမှတ် နီးလာခြင်းတို့ကြောင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရေးဘေးကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ ခန္တီးမြို့ပေါ် (၃) ရပ်ကွက်နှင့် ဆင်သေကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၀-၇-၂၀၁၉) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုငးတွင် ရပ်စောက်မြို့နယ်၊ အ.လ.က ခွဲ (လွယ်ဆင်)၌ ကျောင်းသား/သူ (၁၈၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ပညာပေးဗီဒီယိုပြသခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jul2019
-
မြေပြိုဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ (၈-၇-၂၀၁၉)ရက်နေ့ သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက်တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သဖြင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၀၀၀၀/-) နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၁၂၆၀၀/-) စုစုပေါင်းကျပ် (၆၂၆၀၀/-)အား(၁၁-၇-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd #krn_jul2019 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး









