လေဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

11 _ Pic _ 04 11 _ Pic _ 05 11 _ Pic _ 06
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အလယ်ဘုတ် ကျေးရွာအုပ်စုနှင့် မလေးရှားဝိုင်ကျေးရွာအုပ်စုတို့တွင် (၁-၇-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ် (၈) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီး၍ နေအိမ် (၁) လုံးပြိုကျပျက်စီးခဲ့ရာ အိမ်ထောင်စု (၉) စုမှ လူဦးရေ (၄၂) ဦးတို့ လေဘေးသင့်ခဲ့ပြီး တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ကျွဲဘုတ်ကျေးရွာအုပ်စုအတွင်း၌ (၇-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် အမိုးလန် နေအိမ် (၁၂) လုံး၊ အိမ်ထောင်စု (၁၂) စုတို့မှ လူဦးရေ (၅၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၀၃,၇၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) ထောင်စာနှင့် သင်္ကန်း(၄) စုံနှင့် ထီး (၄) လက်တို့အား (၁၁-၇-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာ မြို့နယ်ထွေအုပ်တို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ygn_jul2019

Sign Up

Upcoming Events