
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သာယာကုန်းကျေးရွာ၌ (၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် ဘေးသင့်အမိုးလန် နေအိမ် (၄) လုံး၊ ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၂၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၂,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာတို့အား ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သက်ဆိုင်ရာ မြို့နယ်ထွေအုပ်တို့နှင့်အတူ (၁၁-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source:ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ygn_jul2019