ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

 

 

11_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇူလိုင်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင် ဖျာပုံမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောပွဲများကျင်းပခဲ့ရာ သဘာဝဘေးလျော့ပါးရေးအသိပညာပေးအဖြစ် မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေးနှင့် ငလျင်ဘေးအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ရာ ကျောင်းသားကျောင်းသူ(၃၀၀)ဦး တက်ရောက်နားထောင်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jul2019

Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး

 

Sign Up

Upcoming Events