Category Archives: News
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုတို့တွင် (၁၄-၇-၂၀၁၉)ရက်နေ့၌ လေဘေးကြောင့်မှ အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် ပြိုလဲနေအိမ်(၂၉)လုံးတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၂၉)လုံးနှင့် အမိုးလန်နေအိမ်(၅၈)လုံးမှ လူဦးရေ(၃၇၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၉၃၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၇၉၃၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ) (၂၉)အိမ်ထောင်စာတန်ဖိုးငွေ(၉၃၈၂၃၇/-)ကျပ်တို့အား ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ (၁၈-၇-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_sgw # bgo_jul 2019
-
မြစ်ရေကြီးမှုအခြေအနေသတင်း
===================================================== ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၁)ရက်အတွင်း ပေဝက်ခန့်ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ သပိတ်ကျင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့်အတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ညောင်ဝန်းကျေးရွာတွင် (၁၇-၇-၂၀၁၉)ရက်နေ့၌ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၈)ဦးတို့အတွက်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၁၆၈၀၀/-)ကျပ်အား (၁၈-၇-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူ၏လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_rbe # sgg_jul 2019
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့်အတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု၊ ကျွန်းညိုကျေးရွာ၊ နတ်ပေးကျေးရွာနှင့် ပခန်းငယ်ကျေးရွာအုပ်စု၊ ပခန်းငယ်ကျေးရွာ၊ ချစ်သူကျေးရွာတို့တွင် (၁၈-၇-၂၀၁၉)ရက်နေ့၊ (၁၀း၃၀)အချိန်၌ ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည် လူနေအိမ်(၅) လုံး၊အိမ်ထောင်စု(၅)စု၊ စုစုပေါင်းလူဦးရေ(၂၄)ဦးတို့အတွက်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၅၀၄၀၀/-)၊အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/- )စုစုပေါင်း(၅၅၀၄၀၀/-)ကျပ်အား (၁၈-၇-၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_rbe … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကသက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
၂၀၁၉ခုနှစ်၊ ဇူလိုင်လအတွင်း၌တိုင်းဒေသကြီး/ပြည်နယ်(၈)ခုတွင် ရေကြီးရေလျှံမှုများစတင်ဖြစ်ပွားခဲ့ပြီးစုစုပေါင်းအိမ်ထောင်စု(၈၉၀၀)ကျော်၊ လူဦးရေ(၄၅၀၀၀)ကျော်တို့သည် ယာယီရေဘေးရှောင်နေရာများသို့ ခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ယခုအခါ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရေဘေးရှောင်ပြည်သူများသည်၎င်းတို့၏ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ကြပြီးစခန်းများလည်း ပိတ်သိမ်းပြီးဖြစ်ပါသည်။ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိရေဘေးရှောင်ပြည်သူများမှာလည်း ၎င်းတို့၏ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ လျက်ရှိကြောင်းသိရှိရပါသည်။ (၁၈-၇-၂၀၁၉)နေ့အခြေအနေအရ- စစ်ကိုင်းတိုင်းဒေသကြီးခန္တီး၊ ကသာ၊ ထီးချိုင့်နှင့် ကန့်ဘလူမြို့နယ်များ၌ အိမ်ထောင်စု(၁၅၀၀)ကျော်၊လူဦးရေ(၇၄၀၀)ကျော်တို့သည် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၌သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်များတွင် အိမ်ထောင်စု(၇၅၀)ကျော်၊လူဦးရေ(၃၆၀၀)ကျော်တို့သည် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်၌ အိမ်ထောင်စု(၂၀)ကျော်၊ လူဦးရေ(၉၀)ကျော်တို့သည်လည်းကောင်း ယာယီ ရေဘေးရှောင်နေရာများ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
မီးဘေးသင့် ပြည်သူများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ မင်းတပ်မြို့နယ် (၁၄.၇.၂၀၁၉)ရက်နေ့ လှေးကောင်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၄၂၀၀ိ/-)ကျပ်နှင့် (၃၇၃၅၃)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ ပလပ်စတစ်ပုံး(လက်ကိုင်ပါ)(၁)ပုံး တို့အား (၁၈.၇.၂၀၁၉)ရက်နေ့တွင် မင်းတပ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနှင့်အတူ ပူးပေါင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #chn_jul2019 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး
-
ကျောင်းသား/သူများအား သဘာဝဘေးနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီထိ ကျိုင်းတုံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူ(၂၁၅)ဦးဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး
-
ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ သဒ္ဒမ္မကွျွန်းကျေးရွာ၊ ကျွန်းကြီးကျေးရွာနှင့်နောက်မီးအုပ်စု၊ ကြို့ကုန်းကျေးရွာတို့တွင်(၁၇-၇-၂၀၁၉)နေ့ ကမ်းပြိုဘေးသင့်အိမ်ခြေ(၂၄)လုံး၊ အိမ်ထောင်စု(၂၄)စုရှိ လူဦးရေ(၁၀၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၄၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၂၂၆၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၆၂၆၈၀၀)ကျပ်ကို (၁၂-၇-၂၀၁၉)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ပေးပို့ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး
-
လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ပသီကျေးရွာအုပ်စု/ကျွဲလမ်းကျေးရွာတွင်(၁၇.၇.၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု(၂)စုမှ လူဦးရေ(၈)ဦးတို့ လေဘေးသင့်ခဲ့သဖြင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၂၀၀၀ဝိ/-)နှင့်ဆန်ရိက္ခာ (၇)ရက်စာ(၁၆၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၃၆၈၀ဝိ/-)အား (၁၈-၇-၂၀၁၉)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင်အတူ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jul2019 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး
-
နေရပ်စွန့်ခွာပြန်လည်ဝင်ရောက်လာသူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ DKBA(ခွဲထွက်) မိဇိုင်းတောင်ဆရာတော် ဥူးစန္ဒာဝရအဖွဲ့မှ နေရပ်စွန့်ခွာပြန်လည်ဝင်ရောက်လာသူ(အလင်းဝင်ရောက်လာသူ) အိမ်ထောင်စု(၃၆)စု လူဦးရေ(၁၆၅)ဦးတို့အား (၃၇၃၅၃ိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၃၂)စုစာ၊ (၁၃၉၅ဝိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး အိမ်ထောင်စု(၄)စုစာ လူတစ်ဦးလျှင် (၄၅၀၀ဝိ/-)တန်ဖိုးရှိ ဆန်ရိက္ခာနှင့် အခြားစားသောက်ကုန်၊ လူဦးရေ(၁၆၅)ဦးအတွက် ထောက်ပံ့ငွေ(၇၄၂၅၀၀ဝိ/-)တို့အား (၁၈-၇-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #otr #krn_jul2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး









