လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု၊ ကျွန်းညိုကျေးရွာ၊ နတ်ပေးကျေးရွာနှင့် ပခန်းငယ်ကျေးရွာအုပ်စု၊ ပခန်းငယ်ကျေးရွာ၊ ချစ်သူကျေးရွာတို့တွင် (၁၈-၇-၂၀၁၉)ရက်နေ့၊ (၁၀း၃၀)အချိန်၌ ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည် လူနေအိမ်(၅) လုံး၊အိမ်ထောင်စု(၅)စု၊ စုစုပေါင်းလူဦးရေ(၂၄)ဦးတို့အတွက်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၅၀၄၀၀/-)၊အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/- )စုစုပေါင်း(၅၅၀၄၀၀/-)ကျပ်အား (၁၈-၇-၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
# ha_rbe
# mgy_jul 2019