လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုတို့တွင် (၁၄-၇-၂၀၁၉)ရက်နေ့၌ လေဘေးကြောင့်မှ အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် ပြိုလဲနေအိမ်(၂၉)လုံးတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၂၉)လုံးနှင့် အမိုးလန်နေအိမ်(၅၈)လုံးမှ လူဦးရေ(၃၇၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၉၃၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၇၉၃၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ) (၂၉)အိမ်ထောင်စာတန်ဖိုးငွေ(၉၃၈၂၃၇/-)ကျပ်တို့အား ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ (၁၈-၇-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# bgo_jul 2019