တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကသက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

 

 

19_ Pic_01 (9) 19_ Pic_01 (8) 19_ Pic_01 (7) 19_ Pic_01 (6) 19_ Pic_01 (5) 19_ Pic_01 (4) 19_ Pic_01 (3) 19_ Pic_01 (2) 19_ Pic_01 (1)

၂၀၁၉ခုနှစ်၊ ဇူလိုင်လအတွင်း၌တိုင်းဒေသကြီး/ပြည်နယ်(၈)ခုတွင် ရေကြီးရေလျှံမှုများစတင်ဖြစ်ပွားခဲ့ပြီးစုစုပေါင်းအိမ်ထောင်စု(၈၉၀၀)ကျော်၊ လူဦးရေ(၄၅၀၀၀)ကျော်တို့သည် ယာယီရေဘေးရှောင်နေရာများသို့ ခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ယခုအခါ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်  ချင်းပြည်နယ်တို့တွင် ရေဘေးရှောင်ပြည်သူများသည်၎င်းတို့၏ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ကြပြီးစခန်းများလည်း ပိတ်သိမ်းပြီးဖြစ်ပါသည်။ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိရေဘေးရှောင်ပြည်သူများမှာလည်း ၎င်းတို့၏ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ လျက်ရှိကြောင်းသိရှိရပါသည်။ (၁၈-၇-၂၀၁၉)နေ့အခြေအနေအရ-

  • စစ်ကိုင်းတိုင်းဒေသကြီးခန္တီး၊ ကသာ၊ ထီးချိုင့်နှင့် ကန့်ဘလူမြို့နယ်များ၌ အိမ်ထောင်စု(၁၅၀၀)ကျော်၊လူဦးရေ(၇၄၀၀)ကျော်တို့သည် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၌သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်များတွင် အိမ်ထောင်စု(၇၅၀)ကျော်၊လူဦးရေ(၃၆၀၀)ကျော်တို့သည် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်၌ အိမ်ထောင်စု(၂၀)ကျော်၊ လူဦးရေ(၉၀)ကျော်တို့သည်လည်းကောင်း ယာယီ ရေဘေးရှောင်နေရာများ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရဖွဲ့များနှင့် ပူးပေါင်းကာကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေစုစုပေါင်းကျပ်(၉၆၄)သိန်းကျော် ထောက်ပံ့ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့မှုများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

ပြည်သူများအနေဖြင့်လည်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန် ချက်များ၊ ပညာရှင်များ၏ သုံးသပ်အကြံပြုချက် များကိုအလေးထားဂရုပြုလိုက်နာရန်နှင့် အကူအညီလိုအပ်ပါကဒေသအလိုက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများသို့ဖြစ်စေ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ဖြစ်စေ အကူအညီတောင်းခံ နိုင်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နှိုးဆော်ထားပါသည်။

Source: DDM

 #ha-fld

 

 

Sign Up

Upcoming Events