လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ညောင်ဝန်းကျေးရွာတွင် (၁၇-၇-၂၀၁၉)ရက်နေ့၌ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၈)ဦးတို့အတွက်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၁၆၈၀၀/-)ကျပ်အား (၁၈-၇-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူ၏လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
# ha_rbe
# sgg_jul 2019