Category Archives: News
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း၌ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယခုအခါ၌ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ရေဘေးရှောင်ပြည်သူများသည် ၎င်းတို့၏မူလနေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့ကြ ပြီး စခန်းများလည်းပိတ်သိမ်းပြီးဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်ရှိ ရေဘေးရှောင်ပြည်သူ များမှာလည်း ၎င်းတို့၏ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့လျက်ရှိပြီး အချို့နေရာများတွင် ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။ (၂၃-၇-၂၀၁၉) နေ့အခြေအနေအရ-စစ်ကိုင်းတိုင်းဒေသကြီး ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ခင်ဉီး၊ စစ်ကိုင်း၊ ကျောက်မြောင်းမြို့နယ်များ၌ အိမ်ထောင်စု (၄၃၀၀) ကျော်၊ … Read more
-
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပမှုသတင်း
ဇူလိုင် ၂၃၊ နေပြည်တော် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် UNICEF (မြန်မာ) မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ မသန်စွမ်းသူများနှင့် ပတ်သက်၍ အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ အတွက် နိုင်ငံတော်အနေဖြင့့်် ကြိုးပမ်းဆောင်ရွက်မှုတို့ကို အဆင့်ဆင့်ဖော်ဆောင်ခဲ့ပါကြောင်း၊ ဥပဒေ၊ … Read more
-
မိုးကြိုးထိ သေဆုံးတစ်ဦးအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ (၂၅.၆.၂၀၁၉)ရက် (၀၈း၃၅)နာရီတွင် စစ်တွေမြို့နယ်၊ ဥယျာဉ်သာကျေးရွာအုပ်စု၊ ခရေမြိုင်ကျေးရွာနေ ဆေတာရာဘေကင်(ဘ)အဒူဆူဗင် အသက်(၃၅)နှစ်မှာ မိုးရွာသွန်းနေစဉ် အိမ်ရှေ့ပြတင်းပေါက်မှ အလင်းတန်းဝင်ရောက်ပြီး မိုးကြိုးပစ်၍ သေဆုံးခဲ့ရာ အဆိုပါ သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-)အား (၂၃.၇.၂၀၁၉)ရက်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #rke_jul2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပမှုသတင်း
ဇူလိုင် ၂၃၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး ထိန်းသိမ်းမြေ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ အရာထမ်း၊ အမှုထမ်းများနှင့်အတူ ရတနာတန်းဝင်အပင်များဖြစ်သည့် ကျွန်းနှင့်ပျဉ်းကတိုးပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးကြပါသည်။ ယင်းနောက် ရတနာတန်းဝင် ကျွန်းပင်တို့ကိုပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက သတ်မှတ်နေရာများတွင် အသီးသီးစိုက်ပျိုးခဲ့ကြပြီး အရာထမ်း/အမှုထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ယခုနှစ်မိုးရာသီတွင် ကျွန်း (၁၈၀) ပင်နှင့် ပျဉ်းကတိုး(၁၀၀)ပင် စုစုပေါင်း(၂၈၀)ပင် တို့ကိုစိုက်ပျိုးခဲ့ပြီး ၂၀၁၆ ခုနှစ်မှ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေလဲကျေးရွာအုပ်စု၊ ရေလဲကျေးရွာ၌ (၂၃-၇-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားသော မီးဘေးကြောင့် နေအိမ် (၁)လုံး အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၀၅၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၁၀၅၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁) ပုံးတို့အား (၂၃-၇-၂၀၁၉) ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့၊ အမှတ် (၂) ရပ်ကွက်၌ (၂၂-၇-၂၀၁၉) ရက်နေ့တွင် ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်တို့အား (၂၃-၇-၂၀၁၉) ရက်နေ့၊ (၁၅းဝ၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ဈေးကုန်းရပ်ကွက်၌ (၂၁-၇-၂၀၁၉) ရက်နေ့၊ (၂၃:၅၅) နာရီအချိန်ခန့်တွင် လေတိုက်ခတ်၍ လူနေအိမ်ပေါ်သို့ ညောင်ပင်ကျိုးကျမှုကြောင့် ဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်တို့အား (၂၃-၇-၂၀၁၉) ရက်နေ့တွင် အောင်လံမြို့နယ် … Read more
-
ရုံးအတွင်းရှိ သိုလှောင်ရုံများအား စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၇.၂၀၁၉)ရက်နေ့တွင် သထုံခရိုင်ဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးနှင့်သိုလှောင်ရုံပြုပြင်မှုလုပ်ငန်းများအား စစ်ဆေးခြင်း၊ သထုံခရိုင်ရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်းများနှင့်ပတ်သက်ပြီး လိုအပ်သည်များကိုမှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jul2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ(၄)ရွာတို့၌ (၂၂-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့် အိမ်ခြေ (၃၅) လုံး၊ အိမ်ထောင်စု (၃၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၅၀၀,ဝဝဝ/-) ကျပ်၊ လူဦးရေ (၁၄၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁၀,၈၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၈၁၀,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃၅) … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၄) ရွာတို့၌ (၂၂-၇-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့် အိမ်ခြေ (၄၈) လုံး၊ အိမ်ထောင်စု (၄၈) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၈၀၀,ဝဝဝ/-) ကျပ်၊ လူဦးရေ (၁၉၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ထောက်ပံ့ငွေ (၃၉၉,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅,၁၉၉,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) … Read more









