လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေလဲကျေးရွာအုပ်စု၊ ရေလဲကျေးရွာ၌ (၂၃-၇-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားသော မီးဘေးကြောင့် နေအိမ် (၁)လုံး အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၀၅၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၁၀၅၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁) ပုံးတို့အား (၂၃-၇-၂၀၁၉) ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_jul2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး