ဇူလိုင် ၂၃၊ နေပြည်တော်
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် UNICEF (မြန်မာ) မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ မသန်စွမ်းသူများနှင့် ပတ်သက်၍ အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ အတွက် နိုင်ငံတော်အနေဖြင့့်် ကြိုးပမ်းဆောင်ရွက်မှုတို့ကို အဆင့်ဆင့်ဖော်ဆောင်ခဲ့ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ အမျိုးသားကော်မတီ၊ လုပ်ငန်း ကော်မတီတို့အပြင် မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတို့ကို ကဏ္ဍအသီးသီးတွင် ဖော်ဆောင်နိုင်ရန် ဆပ်ကော်မတီ (၈) ခုကိုလည်း ဖွဲ့စည်းဆောင်ရွက်နေပါကြောင်း၊ထိုသို့ဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် သာတူ ညီမျှ ရရှိရေးကို အဓိကဦးစားပေးအဖြစ် ဆောင်ရွက်ပါကြောင်း၊ သာတူညီမျှခံစားရရှိရေး ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ၏ လိုအပ်ချက်တွေကို သိရှိရန်လိုပါကြောင်း၊ လူတစ်ဦးချင်းစီ၏ လိုအပ်ချက် အခြေအနေများမှာ အနည်းနှင့် အများ ကွဲပြားခြားနားပါကြောင်း၊ အဓိကအားဖြင့် လုပ်ငန်းကော်မတီများသည် မသန်စွမ်းတစ်ဦးချင်းစီ၏ မသန်စွမ်းမှု အဆင့်အလိုက် လိုအပ်ချက်တို့ကို သိရှိထားရန် လိုအပ်ပြီး မသန်စွမ်းမှု အဆင့်ခွဲခြား ခြင်းဆိုသည်မှာ ခွဲခြား ဆက်ဆံခြင်းမဟုတ်ဘဲ မသန်စွမ်းတစ်ဦးချင်းစီ၏ အခြေအနေ အမှန်နှင့် လိုအပ်ချက်တို့ကို စိစစ်ဖော်ထုတ်ပေး ခြင်းသာဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်မှသာလျှင် မသန်စွမ်း သူများ၏ လိုအပ်ချက် နှင့် အခွင့်အရေးများကို မည်သို့မည်ပုံဖြည့်ဆည်းဆောင်ရွက်ပေးရမည်ကိုသိရှိနိုင်မည်ဖြစ်ပါကြောင်း၊မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းမှာ အလွန်ရေးကြီးသည့်အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသည် မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကိုဖော်ဆောင်ရာတွင် အရေးကြီးပါကြောင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အောင်မြင်ရန် အမျိုးသား ကော်မတီက ပြည်ထောင်စုနယ်မြေနေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်ဒေသကြီးတွင် အဆင့်ဆင့်ဖွဲ့ စည်းထားရှိသည့် ကော်မတီများက မသန်စွမ်းအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်မှသာလျှင် လုပ်ငန်းစဉ်အောင်မြင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်တို့တွင် မသန်စွမ်းအဖွဲ့အစည်းတို့ကို လည်းတိုးချဲ့ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်မသန်စွမ်းအဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံးနှင့် အချိတ်အဆက်မိ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းအတွက် မွေးစအရွယ်မှ စ၍ အသက် (၁၈) နှစ် အထက်အထိ အကဲဖြတ်မည့်မေးခွန်းလွှာများ ပြင်ဆင်ထားရှိသည်မှာ အလွန်ကောင်းမွန်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့အကြား ပူးပေါင်းဆောင် ရွက်မှုသည် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်် (Early Childhood Intervention)လုပ်ငန်းစဉ်ကိုလည်းများစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းမှုနှင့် မသန်စွမ်းသူ ဦးရေလျှော့ချနိုင်ခြင်း၊ မသန်စွမ်းသူများကို စွမ်းနိုင်သမျှ စွမ်းဆောင်နိုင်အောင် ဆောင်ရွက်ပေးခြင်းတို့ဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် UNICEF (မြန်မာ) မှ Deputy Representative၊ Mr. Paul Edwardsက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး တာဝန်ရှိသူများကမသန်စွမ်းမှုကို မွေးစမှ အသက် (၁၈) နှစ်အထက်အထိ အကဲဖြတ်မည့် မေးခွန်းလွှာများ၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းအစီအစဉ်များ၊ ကနဦးစီမံကိန်းအဖြစ် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့တို့တွင် သင်တန်းပို့ချ ဆောင်ရွက်ခြင်းနှင့် စီမံကိန်းအတွက် ကုန်ကျမည့် ရံပုံငွေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Source: MSWRR
#hl1
#npw_jul2019